ကြော်ငြာထည့်နည်း
MyanmarCarsMarket.com မှာ ကြော်ငြာထည့်မယ်ဆိုရင် ပထမဦးဆုံး account တစ်ခု လုပ်ဖို့ လိုပါတယ်။
Account မရှိသေးဘူးဆိုရင် account လုပ်ရမှာဖြစ်ပါတယ်။ Account create လုပ်ဖို့အတွက် “Sell your car” ကိုနိုပ်ပါ။ ဒါဆိုရင် အောက်ကပြထားတဲ့ စာရွက်ကို ရောက်သွားပါလိမ့်မယ်။
ပြီးရင် ‘click here to register’ ဆိုတဲ့ link ကို နိုပ်ပါ။ ပြီးလို့ အောက်ကပြထားတဲ့ ပုံအတိုင်း window လေးတက်လာရင် Username မှာ ကိုယ်အသုံးပြုချင်တဲ့ နာမည်နဲ့ Email မှာ သင့်လက်ရှိအသုံးပြုနေတဲ့ email လိပ်စာ ဖြည့်ထည့်ပါ။
အားလုံးဖြည့်ပြီးရင်တော့ Register ကို နိုပ်လိုက်ရုံပါဘဲ။ ဒီအဆင့်ပြီးသွားရင် ကျွန်တော်တို့က သင်ပေးထားတဲ့ Email လိပ်စာကို password ပို့ပေးမှာဖြစ်ပါတယ်။
ကျွန်တော်တို့က ပို့လိုက်တဲ့ မေးလ်ရရင် http://myanmarcarsmarket.com/sell-your-car ကို ပြန်လာပြီး user name နဲ့ password ကို ရိုက်ထည့်ပြီး ကားကြော်ငြာတွေကို စထည့်နိုင်မှာဖြစ်ပါတယ်။
(မှတ်ချက်၊ ကျွန်တော်တို့ ပို့ပေးတဲ့ password ပါတဲ့ email ကို မရရင် info@myanmarcarsmarket.com ကို သင့်ရဲ့ username ဖေါ်ပြပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။)
Car ကြော်ငြာ အသစ်ထည့်ခြင်း
http://myanmarcarsmarket.com/sell-your-car ကို သွားပြီး အကယ်လို့ Login အလုပ်ရသေးရင် သင့် username နဲ့ password သုံးပြီး login လုပ်ပါ။ ဒါဆိုရင် အောက်မှာပြထားတဲ့ ပုံကို မြင်ရမှာဖြစ်ပါတယ်။
ဒါဆိုရင် CREATE ENTRY ကို နိုပ်ပါ။ နောက်တရွက်မှာတော့ သင့်ကား အသေးစိတ်ကို သင့်တော်သလို အောက်ပါအတိုင်း ဖြည့်စွက်ပေးပါ။
မှတ်ချက် – ဖြစ်နိုင်လျှင် ကား၏ ဓါတ်ပုံကို တင်ပေးပါ။ အကြောင်းရင်းကတော့ လာကြည့်သူများက ပုံပါသော ကြော်ငြာများကို ပိုကြည့်သောကြောင့်ဖြစ်ပါတယ်။
ဓါတ်ပုံတင်ရန် အခက်အခဲရှိသူများအတွက်
UPLOAD နိုပ်ပြီးတဲ့အခါ ပုံတွေတင်ဖို့ window လေး ထပ်ပေါ်လာပါလိမ့်မယ်။ အဲ့ဒီမှာ Select Files ဆိုတောကို နိုပ်ပြီးတော့ ကိုယ့်စက်ထဲက ပုံတွေကို ‘Ctrl’ ဖိထားပြီး ဓါတ်ပုံတွေကို သုံးလေးငါးပုံ တပြိုက်နက် ရွေးနိုင်ပါတယ်။ ရွေးပြီးရင် ‘Open’ လုပ်လိုက်တာနဲ့ ရွေးထားတဲ့ပုံတွေ အားလုံးကို တင်သွားမှာဖြစ်ပါတယ်။ connection နဲ့ ဓါတ်ပုံ အကြီးအသေးပေါ်မူတည်ပြီးတော့ အချိန်အနည်းငယ်ကြာနိုင်ပါတယ်။
ပုံတွေကို တင်ပြီးသွားတဲ့အခါ ပုံတွေထဲက အဓိက ပုံအဖြစ် အသုံးပြုလိုတဲ့ ပုံရဲ့ဘေးက ‘Show’ ဆိုတာလေးကို နိုပ်ပါ။ ပြီးတော့ ကျလာတဲ့ ခလုပ် ‘Insert this image’ ကို နိုပ်လိုက်ရုံပါဘဲ။
ဒါဆိုရင် ဒီ image window လေးပြန်ပိတ်သွားပြီးတော့ စောစောက အဓိကအဖြစ်ရွေးထားတဲ့ ပုံလေးပေါ်လာပါလိမ့်မယ်။ ကျန်တဲ့ပုံတွေ မတွေ့လည်း စိတ်မပူပါနဲ့ အားလုံးပြီးသွားလို့ ‘UPLOAD YOUR LISTING’ နိုပ်တဲ့အခါ ဒီဓါတ်ပုံတွေကိုပါ တခါတည်း သိမ်းသွားမှာဖြစ်ပါတယ်။
အလားလုံးအဆင်ပြေရင်တော့ ‘UPLOAD YOUR LISTING’ သာ နိုပ်လိုက်ပါ။ ပြီးသွားရင် ကျွန်တော်တို့က ဒီကောင့်ကို review လုပ်ဦးမယ်ဆိုတာ ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် အားလုံး အောင်အောင်မြင်မြင်နဲ့ တင်ပြီးသွားပြီဆိုတဲ့သဘောပါ။
ကျွန်တော်တို့က approve လုပ်ပြီးတာနဲ့ ဆိုက်ပေါ်ကို သင့် ကြော်ငြာရောက်လာတော့မှာဖြစ်ပါတယ်။



