ကားဈေး ပြန်ကျ၊ ရန်ကုန်ဝယ်လက်ကို အားပြုရောင်းနေရ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၅၄ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန် မော်တော်ကား ဈေးကွက်အတွင်း လွန်ခဲ့သည့် သုံးပတ်ခန့်က ကျပ် ၅ သိန်းမှ ကျပ် ၁၀ သိန်းအတွင်း ဈေးတက်ခဲ့သော မော်တော်ယာဉ် ဈေးနှုန်းများ ဧပြီလဆန်းပိုင်းတွင် အနည်းငယ် ပြန်ကျလာ သော်လည်း နယ်ဝယ်လက် မတက်သဖြင့် ရန်ကုန် ဝယ်လက်ကိုသာ အားထားနေရကြောင်း ကားပွဲစားများထံမှ သိရသည်။

“အခုချိန်က ၁၀ တန်း ဖြေပြီးချိန်လည်းဖြစ်၊ ခရီးသွားလာချိန်လည်း ဖြစ်နေတာရယ်ကြောင့် ရန်ကုန် ဝယ်လက်တွေ ငြိမ်တယ်။ မိတ္ထီလာကိစ္စတွေကြောင့် နယ်ဝယ်လက်တွေ ရန်ကုန် တက်မလာဘူး။ ရန်ကုန် ဝယ်လက်ကို အားပြုရောင်းနေရတယ်” ဟု မော်တော်ကား ရောင်းဝယ်ရေးအသင်း (ဗဟို) ရန်ကုန်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းဦး က ဆိုသည်။

စိန်ဂျွန်း ကားဝိုင်းတွင် ပရိုဘောက်၊ ကိုရိုလာဗင်၊ အေဒီဗင်၊ ဟွန်ဒါဖစ်နှင့် တိုရိုတာဗက်တာ ကားများသာ မေးမြန်း ဝယ်ယူနေသည်။

“ဧပြီ ၃ ရက်နေ့ ပေါက်ဈေးအနေနဲ့ ၂၀၀၇ မော်ဒယ် ပရိုဘောက်က ကျပ် ၁၂၅ သိန်း၊ ၂၀၀၇ မော်ဒယ် ကိုရိုလာဗင်က ကျပ် ၁၇၅ သိန်း၊ မော်ဒယ် ၂၀၀၀ အထက် အေဒီဗင်က ကျပ် ၁၁၅ သိန်း ရှိပါတယ်။ ဟွန်ဒါဖစ် ၂၀၀၇ မော်ဒယ်က ကျပ် ၁၁၅ သိန်း၊ ၂၀၀၉ မော်ဒယ်က ကျပ် သိန်း ၁၄၀၊ ၂၀၀၇ မော်ဒယ် တိုရိုတာဗက်တာက သိန်း ၁၃၀၊ ၂၀၀၉ မော်ဒယ်က သိန်း ၁၆၀ ပေါက်ဈေး ရှိနေပါတယ်” ဟု ဝါရင့် ကားပွဲစား ဦးသန်းဌေး က ပြောသည်။

အရောင်းအဝယ် ပါး၍ အပ်ကား-စလစ်ဈေးနှုန်းများလည်း ကျဆင်းလျက်ရှိသည်။

“ဗ နဲ့ ဘ အက္ခရာ စလစ်ဈေးနှုန်းတွေက အခွန်ဆောင်ပြီး ကျပ် ၈၅ သိန်းဝန်းကျင်၊ ရိုးရိုးစလစ်က ကျပ်သိန်း ၈၀ ဝန်းကျင် ရှိတယ်။ သ နဲ့ အ အက္ခရာ အပ်ကား စလစ်ဈေးတွေက ၈၂ သိန်း ဝန်းကျင် ရှိနေတယ်။ န နဲ့ ပ အက္ခရာအပ်ကားတွေက ကျပ်သိန်း ၇၀ ဝန်းကျင်ပဲ ရှိတယ်။ ဝယ်လက် အများစုက အခွန် ၄၀ ရာခိုင်နှုန်းပဲ ဆောင်ရတဲ့ ဗ၊ ဘ၊ လ အက္ခရာတွေကို အဝယ်များတယ်။ ကျန်အက္ခရာတွေက အခွန် ၆၀ ရာခိုင်နှုန်း ဆောင်ရလို့ သိပ်မဝယ်ကြဘူး” ဟု ကားပွဲစား ကိုမြင့်နိုင် က ဆိုသည်။

AA နှင့် BB တက္ကစီိကားများမှာ ပုံမှန်ဈေးနှုန်းအတိုင်း ရှိနေကြောင်း သိရသည်။

REF : Mizzima Facebook Page

4,041 total views, 6 views today

No comments yet.

Leave a Reply

With an average daily visitors between 3000-6000, MyanmarCarsMarket.com is one of the most popular car classifieds website in Myanmar. You can also find car price as well as car news in Myanmar.
We have more than 2400 cars listed on our website and it's the largest car DB online in Myanmar!
News section features current and up to date car price in Myanmar
Find Alfa Romeo, Aston Martin, Audi, Bentley, Bugatti, BMW, Cadillac, CAT, Chery, Chevrolet, Chrysler, Citroen, Daewoo, Dagon Jeep, Daihatsu, Dodge, Ferrari, Fiat, Ford, GMC, Harley Davidson, Hino, Honda, Hummer, Infiniti, Isuzu, Jaguar, Jeep, Kia, KTM, Lamborghini, Land Rover, Lexus, Lincoln, Mahindra, Mercedes-Benz, Mini Cooper, Mitsubishi, Nissan, Peugeot, Porsche, Proto, Proton, Renault, Rolls Royce, Scania, SEAT, Subaru, Suzuki, Tesla, Toyota, Mazda, Hyundai, Vauxhall, Volkswagen, Yamaha Cars.
Popular Models : Toyota Caldina, Toyota Probox, Suzuki Swift, Mazda Bongo, Toyota Alphard, Toyota Harrier, Mitsubishi RVR, Toyota Kluger, Toyota Belta, Toyota Surf, Toyota bB, Toyota Celica, Daihatsu Hijet, Nissan Skyline, Mazda Demio, Super Custom, Toyota Lexus, Honda Civic.

%d bloggers like this: